ခင်ဦးဦးမြင့် ရင်တွေ ခုံနေသည် ။ ညွှန်ချုပ်ဦးသက်ဝင်းမော်ရဲ့ အကြည့်တွေကြောင့် ။ ဦးသက်ဝင်းမော် ခင်ဦးဦးမြင့်ကို ကြိုက်နေသည်လို့ ခင်ဦးဦးမြင့် ထင်သည် ။ သေချာပါတယ် ။ သူ ငါ့ကို အမြဲ ဘဲ ကြည့်တဲ့ ပုံတွေက သိသာလွန်းသည် ။ ငွေစာရင်းကနေ သူ့လက်အောက်ကို ပြောင်းလိုက်တာကြီးက ပေါ် တင်ကြီး ။ အခုတော့ သူနဲ့ ခင်ဦးဦမြင့်က နီးနီးကပ်ကပ် ဖြစ်နေပြီ ။ သူခိုင်းနေကျ သူ့အတွင်းရေးမှူး ( စက္ကတရီ ) ကေခိုင်သက်ကို မခိုင်းဘဲ ခင်ဦးဦးမြင့်ကို ခေါ်ခေါ်ခိုင်းတတ်တာရယ်.. သူ့စားပွဲရှေ့ ထိုင်ခိုင်းပြီး အလုပ်ပြင်ပက ထွေရာလေးပါး ပေါက်ကရတွေ ထိုင်ပြောနေတတ်တာရယ်ကြောင့် သူ့ ပီအေ ကိုစိုးတောင် ရိပ်မိနေပြီ ထင်တာဘဲ […]
အရူပ်တော်ပုံ